ချစ်သူက ချစ်တဲ့သူကို ချစ်တဲ့အချစ် မှာချစ်စရာကောင်းတဲ့အချစ်မှတ်တမ်း
aလးတွေဘဲရေးဖွဲ့ခဲ့ချင်တာပါ...ချစ်တဲ့သူတိုင်း...လွမ်းတတ်သည် ...ဆိုတဲ့သဘာဝကို
aမာင့်လိုလူက...စောဒကမတက်လိုပေမယ့်နော်.....အလွမ်း ကာလတွေရှည်ကြာလာတဲ့
တစ်နေ့နေ့ မှာအနမ်းပန်းလေးတွေ....ပွင့်လာမလားမျှော်မိခဲ့ပါတယ်နော်
“ နှင်းသက် ” ဆိုတဲ့မင်းကို..သူငယ်ချင်း ဘ၀ထက်ပိုတွယ်တာမိခဲ့တာကို
ဖွင့်ဆိုတဲ့နေ့ကလေ နှင်းကအပြစ်မဆို...အပြုံးချိုချိုလေးနဲ့
“ ဝေ ချစ်မောင် နင်တော်တော်ထိမ်းထားတယ်နော်..တော်လိုက်တာ
ငါကနင် ဟိုးကတည်းကပြောမယ်ထင်ခဲ့တာ....”
“ငါချစ်နေတာနင်သိနေတာပေါ့နှင်းသက်...”
“ နင်က အဲသည်လိုတုံး...ထူတာ...အင်းလေ..ငါကလည်း
အဲသည်လိုထူထူတုံးတုံးလေးကို......”
“ဆက်ပြောလေ..ဟာ.. ”
“ ငါသေသေချာချာပြောမယ်နင်နားထောင်..နင်အချက်သုံးချက်ကို..
သဘောတူရင်နင့်ကို ချစ်မယ်.....အဲဒါတွေက.....
တစ်... နင်ငါ့ကိုတခြားချစ်သူတွေလို....မဖက်ရဘူးမနမ်းရဘူး..
နှစ်.. ငါမဖြေချင်တဲ့မေးခွန်းကိုမမေးရဘူး.......
သုံး . ကတော့ နင့်ကိုလက်ထပ်ပါလို့ ..ငါပြောရင်အဲဒီနှစ်ထဲမှာဘဲလက်ထပ်ရမယ်..”
“နင် ကလည်း ..ဟာ..ဒါကတော့ .....”
“ ရတယ်လေ...နင်သဘောမတူရင်...နင့်ကိုငါ မချစ်ဘူး ”
“ အာ..မလုပ်ပါနဲ..နော်..ငါသဘောတူတယ်..ဟုတ်လား...”
“ နင်ကလေ..အဲဒါကြောင့် ...ချစ်စရာကောင်းတာ ...ငါ.ကို...
ဆိုအမြဲ.အလျှော့ပေးတာ...ငါကလေ..နင်မပြောခင်ကထဲကချစ်နေတာ..”
“နင်ဘာလို့ဒီလို စည်းကမ်းတွေထုတ်ရတာလည်း ငါ့ကိုမယုံလို့လား ”
“စည်းကမ်း နံပါတ် နှစ်အရ ..ငါမဖြေချင်ဘူး..ထပ်မမေး နဲ့ နော်..”
“ မောင် ” “ ဗျာ ..အဲ နင်ငါ့ကို မောင်လို့ခေါ်တယ်နော်..”
“ အင်းလေ ...မောင့်ကို မောင်လို့စိတ်ထဲကခေါ်တာကြာလှပြီ ..မောင်
ကလည်းစကားပြောရင် အရင်လိုငါလို့ မပြောနဲ့မောင်လို့ဘဲပြောပါနော် ”
“ ဒါပေမယ့်ဟာ နင့်မိဘတွေရှေ့မှာတော့”
“ မလိုဘူး..မောင်လို့ဘဲပြောရမယ်...မောင့်ကို နှင်းချစ်သူလို့ပြောထားတာ”
သည်လိုနဲ.မောင်တို့ချစ်သူတွေဖြစ်ခဲ့ကြတာ နှင်းသက်တို့ကအရမ်းချမ်းသာတယ်
၊နှင်းသက်ကိုလည်းတအိမ်လုံးကအလိုလိုက်ကြတယ်။သူ့အကို ကိုမင်းသက်ဆိုကျနော့် ကိုတလေး
တစားဆက်ဆံတယ်။ သူ့အိမ်ကိုကျနော်နေ့တိုင်းသွားလည်တယ်ကျနော်ကိုသူ့မိဘတွေကလည်း
အရေးတယူဆက်ဆံကြတယ်။နေ.တိုင်းနှင်းသက်တို့အိမ်ရှေ့ကနှင်းဆီခြံလေးထဲကဒန်းလေးမှာချစ်
စကားလေးတွေ….မမောတမ်းပြောကြတယ်..နှင်းက..သိပ်ချစ်စရာကောင်းတယ်…ကျနော့်ကိုလည်း
သိပ်ချစ်တယ်…။
“မောင်..ဒါတွေကဘယ်လိုနှင်းဆီမျိုးလည်း…သိလား..”
နှင်းက ရေလောင်းနေရင်းကလှမ်းမေးလိုက်တယ်..
“ အင်းနှင်းတို့လို…သူဌေးတွေက တယုတယစိုက်တာဆိုတော့ရှားပါးတဲ.နှင်းဆီမျိုး
တွေဘဲဖြစ်မှာပေါ့ ဟုတ်လား….”
“ ဟင်းအင်း …မောင်ကတော့ လွဲနေတုန်းဘဲနော်….ဒါကလေ..နှင်းဆီရိုင်းတွေ…
သိလား..နှင်းကရေမလောင်းလည်း သူတို့ကရှင်သန်မှာဘဲ..သူတို့ကရာသီဥတု
ဘယ်လောက်ဘဲဆိုးဆိုး ဘယ်တော့မှ…မသေဘူး အရမ်းသန်မာတယ်…
နှင်းလေ…သူတို့ကိုအားကျတယ်…သူတို့လိုကြံ့ကြံ့ခံနှိုင်ချင်တယ်…သိလားမောင်”
သည်အချိန်ကနှင်းပြောတာကိုကျနော်နားမလည်ခဲ့ပါ ……ကျနော်တို့ရဲ့ချစ်ခရီး
ကတော့သာယာလွန်းလှပလွန်းပါတယ်…နှင်းမိဘတွေအကိုတွေကလည်းကျနော့်ကိုဖေါ်ရွေစွာ
ဆက်ဆံသလို..နှင်းအိမ်ကိုလာဘည်တဲ့နေ့တွေမှာဆိုကျနော်.မေမေက လည်းသမီး သမီးနဲ့တဖွ
ဖွခေါ်နေတာ…တစ်ရက်မှာတော့နှင်းကကျနော့်ကို ထူးထူးခြားခြား ညရှစ်နာရီလောက်မှ အိမ်ကိုလာ
ဖို့ပြောပါတယ် လာခဲ့ရင်လည်း ကျနော့်ဓါတ်ပုံတပုံသူ့အတွက်ယူလာခဲ့ဖို့ပြောပါတယ်ကျနော်တို့
ချစ်ခဲ့တာကြာပေမယ့် နှင်းကလည်းသူ့ဓါတ်ပုံကျနော့်ကိုမပေးခဲ့သလို ကျနော့်ဓါတ်ပုံလည်းမတောင်း
ခဲ့ပါ..နေ့တိုင်းတွေ.နေရတာဘဲမောင်ရယ်လို့ပြောခဲ့ပါတယ်…ကျနော်ရောက်သွားတော့....
ထူးထူးခြားခြား နှင်းက လှနေအောင်ဝတ်စားထားပါတယ်…….
“ ဒီနေ့ သိပ်လှတာဘဲ ..နှင်းရယ် ”
“ အောင် မယ်..အရင်ကတော့ နှင်းက မလှဘူးပေါ့ မောင်နော်…”
“လှပါတယ်နှင်း ရယ်…အမြဲတမ်းလှ…မောင့်ရင်ထဲမှာထာဝရလှနေပါတယ်..”
နောက်တော.နှင်းကကျနော်ယူလာပေးတဲ့ဓါတ်ပုံလေးကိုယုယုယယလေး ကိုင်ကြည့်ပြီး
“ မောင်ကလူချော ဘဲနော် နှင်းကအရင်ဦးပြီးချစ်ထားပေလို့ နော်
နို.မို.ဆိုမောင့်မှာကောင်မလေးတွေအများကြီးဝိုင်းနေပြီ…နော်”
“ ဘာဘဲဖြစ်ဖြစ် မောင်ကတော့ နှင်းတစ်ယောက်ကိုဘဲချစ်တာပါနော်..”
“ ယုံပါတယ်..မောင်ရယ်..မောင့်ကိုနှင်းအကြွင်းမဲ့ယုံပါတယ်…နှင်းဒီနေ့ မောင့်ကိုခွင့်
တောင်းမလို့ နှင်းမနက်ဖန်..ခရီးထွက်မယ်..နဲနဲတော့ ကြာမယ်..မောင်..ဘယ်ကိုလည်း..
ဘာလို့လည်းမမေးပါနဲ့နော်…နှင်းမရှိတုန်း မောင့်ကိုအလုပ်ပေးခဲ့မယ်..သိလား..”
“ မောင်က..ဘာတွေလုပ်ပေးရမလည်း…”
“ တစ်ခုက အခုကိုကိုက သူလုပ်နေတဲ့ လုပ်ငန်းထဲမှာမောင့်ကိုအလုပ်သွင်းပေး မယ်...
မောင်အဲဒီမှာလုပ်ရမယ်..နောက်တခုက မောင်အားတဲ့နေ့တွေမှာ..နှင်းရဲ့
ဒီနှင်းဆီ ပင်တွေကို ရေလာလောင်းပေးရမည်…နော်..”
“ရပါတယ် ..မောင်လုပ်ပေးပါ.မယ်..စိတ်ချ..နှင်းသာမြန်မြန်လေးပြန်လာနော်..”
“ …မောင် ..ရယ်.. နှင်းချစ်လိုက်တာ…..မောင့်ကိုတိုးတိုးလေးပြောပြမယ်..”
နှင်းရုတ်တရက် ကျနော့်လည်ပင်းကိုသိုင်းဖက်ပြီး ကျနော့်ကိုတရှိုက်မက်မက်မက်နမ်းလိုက်
သည်ပီးတော.ဒန်းပေါ်သို.အရုပ်ကြိုးပြတ် ထိုင်ချလိုက်သည် နှင်းရဲ့မျက်နှာက ဖြူလျှော့နေသည်။
“နှင်းပြောတော့မနမ်းရဘူးဆို….အခုနှင်းက ”
“ အင်းလေ..မောင် မနမ်းရဘူး..ခုနှင်းကနမ်းတာလေ…ချစ်လို့ပေါ့
မောင်..ပြန်တော့နော်…နှင်းအရမ်းရှက်နေလို့ပါ..နော်..ပြန်တော”
အဲဒီနေ့က ကျနော် နှင်းကိုနောက်ဆုံးတွေ့ရခြင်းဖြစ်သည်။နောက်နေ့မှာနှင်းတို့အဖေ
အမေ ကောနှင်းကိုပါမတွေ့ရတော့ ၊နှင်းအကိုကိုမင်းသက်ကတော့ကျနော်.ကိုသူ့အလုပ်မှာသွင်းပေး
ဖို့စောင့်နေသည်။ဘွဲ့ရပြီးအလုပ်မဲ့နေတဲ့ကျနော့်အတွက် ကိုမင်းသက်ကိုကျေးဇူးတွေတင်လေးစားမိ
သည်။ကျနော်အလုပ်မှာကြိုးစားသလိုနှင်းကို လွမ်းတိုင်းနှင်းဆီပင်လေးတွေကိုရေလောင်းပေးရင်းဒန်း
လေးမှာထိုင်ပြီး နှင်းရဲ.ပုံရိပ်လေးတွေရှာဖွေနေမိသည်။အနမ်းလေးတစ်ခုအတွက်အလွမ်းလေးတွေ
များစွာပိုင်ဆိုင်ရလည်းကျေနပ်နေမိသည်။
“ ကိုဝေချစ်မောင်..ဒီမှာခင်ဗျားအတွက် နှင်းသက် ဆီကစာလာတယ် ”
ကျနော်တော်တော်ပျော်သွားမိသည်။စာကိုယူပြီးအိမ်ကိုအပြေးပြန်လာမိသည်။စာကလူကြုံ
နှင့်ပေးလိုက်ဟန်တူသည် ဘာတံဆိပ်မှမပါပေ။
မောင်….
သတိရလိုက်တာမောင်ရေ….အရမ်းလည်းလွမ်းတယ်..သိလားဒီစာကိုမောင်ရတဲ့အချိန်မှာ
…နှင်းတစ်ယောက် ကာလီဖိုးနီးယားကဆေးရုံပေါ်မှာ ရောက်နေပြီ… လန်.မသွားပါနဲ.မောင်ရယ် နှင်း
ဘာမှမဖြစ်ပါဘူး တကယ်တော့နှင်း မှာငယ်ငယ်ထဲကနှလုံးရောဂါဖြစ်နေခဲ့တာပါ ဒီရောဂါကြောင့်နှင်း
အိမ်ထောင်ပြုလို့ မရပါဘူး …ဒါကြောင့်လည်းနှင်းကိုကန့်သတ်ချက်တွေနဲ့မောင်ချစ်ခဲ့ရတာပါ…အား
နာလိုက်တာမောင်ရေ…မောင့်ကိုတမင်ဖုံးကွယ်ခဲ့တာမဟုတ်ပါ ဘူး မောင်စိုးရိမ်နေမှာစိုးလို့ပါနော်…
.မောင်နဲ့ချစ်ပြီးမှ မောင်နဲ့တူတူနေချင်လာတယ်ဒါကြောင့်လည်း ဖေဖေ တို့ကိုပူဆာပြီးခုလိုနိုင်ငံခြား
မှာဆေးကုဖို့ပူဆာခဲ.တာပါအခုဆရာဝန်တွေနဲ့စပ်းသပ်ပြီးသွားပြီ…လာမယ့်သောကြာနေ့ကို..ခွဲစိတ်ရ
မယ် ပြီးရင်ဆေးရုံမှာတစ်လလောက်ဆက်နေရဦးမှာနော် ဆေးရုံကဆင်းပြီးရင်လည်းနောက်ထပ်တစ်
လလောက်နားပြီးမှ ပြန်လာလို့ ရမှာနော်မောင် အခု 2011 ..အောက်တိုဘာလနော်
တကယ်လို့ပေါ့ နှင်းလေ….တခုခုဖြစ်သွားလို့ မောင့်ဆီကို မပြန်လာနှိုင်တော့ရင်…
မောင်..နှင်းကိုတမ်းတပြီးလွမ်းမနေနဲ့တော့နော်…နှင်းကိုတချိန်ကမောင်ပေးခဲ့တဲ့ဂတိအတိုင်း..
2012 ခုထဲမှာ မောင်တစ်ယောက်ယောက်နဲ့လက်ထပ်လိုက်ပါနော်…နှင်းကိုချစ်တဲ့မောင်တစ်ယောက်
နှင်း ကိုပေးထားတဲ့ဂတိကိုတော့တည်လိမ့်မယ်လို့ နှင်းထင်ပါတယ်…
မောင့်ကိုသိပ်ချစ်တဲ့နှင်း
သည်စာကိုနှင်းအင်္ဂါနေ့ကရေးခဲ့တာ ဆိုတော့အခုနှင်းကိုခွဲစိတ်ပြီးတာလေးရက်တောင်ပင်
ရှိနေသည်။နှင်းအခြေအနေကိုသိချင်လို့နှင်းအစ်ကို ကိုမင်းသက်ဆီ ညတွင်းပင်ပြေးထွက်လာမိသည်။
ကျနော်ရောက်သွားတော့ကိုမင်းသက်အောက်ထပ်မှာ တစ်ယောက်ထဲအရက်ထိုင်သောက်နေသည်။
“မင်းရောက်လာမယ် ဆိုတာငါသိလို့ဖန်ခွက်တစ်လုံးပိုချထားတယ်..လာထိုင်..”
“ ကျနော်အရက်မသောက်တတ်ဘူးအစ်ကိုမင်းသက်..နှင်းအခြေနေ..ကို..”
“ ငါသိတယ်…ငါလည်းမင်းကိုပြောပြမလို.စောင့်နေတာ…ရော့....အရင်တစ်ခွက်ချ”
ကျနော်အရက်ခွက်ကိုယူပြီးတရှိန်ထဲမော့ချလိုက်သည်။ရင်ထဲကိုပူပြီးဆင်းသွားသည်။
“ နားထောင်..ညီမလေးကိုသောကြာနေ့ကခွဲစိပ်တာ..အောင်မြင်သွားတယ်…”
“တော်သေးတာပေါ့အကို..ရယ်…”
“ ဒါပေမဲ့ မေ့ဆေးကပြသနာတက်သွားတယ်ထင်တယ်..ညီမလေး လုံးဝသတိ
ပြန်မရတော့ဘူး….မင်းချစ်သူငါ့ညီမလေး …COMA (ကိုးမား ) ဖြစ်သွားပြီ..လေ
သူလုံးဝတို့ဆီကိုပြန်မလာတော့ဘူး…..ကံကိုကဆိုးဝါးပါတယ်ကွာ ”
ကျနော့်နားထဲသို့ကိုမင်းသက်ပြောသောစကားများမကြားရတော့ပေ..ကျနော်.နားထဲတွင်
နှင်း ကိုးမားဖြစ်သွားပြီဆိုသောအသံကသာပဲ့တင်ထပ်နေသည်…လူတစ်ရာမှာတစ်ယောက်ပြန်မ
ကောင်းနှိုင်သောရောဂါပင်… ပန်းနှင်းဆီရေ….မင်းတို့သခင်မ….မြန်မြန်လေးပြန်ထအောင်ဆုတောင်း
ပေးပါ ဒန်းကလေးလည်းစီး သူမဲ့ပြီပေါ့ပန်းကလေးလည်းနမ်းသူ မဲ့ပြီပေါ့ကွယ်....
နောက်တနေ့မှာတော့အစ်ကိုမင်းသက် ကျနော့်ကိုအိမ်သော့အပ်ပြီးနှင်းရှိရာကာလီဖိုးနီးယား
ကို လိုက်သွားခဲ့တာခုဆိုနှစ်လတောင်ရှိပြီလေ။အစမှာထူးပြီးရူးလောက်အောင်ခွဲခွာပြစ်တဲ့မဆုံတဲ့ဖူးစာ
ကိုစိတ်နာနာနဲ့လက်ခံပေးရတယ်။ဒီရက်တွေထဲမှာ နေသူကင်းမဲ့တဲ့အိမ်ကြီးရှေ့ကနှင်းဆီခြံတဲမှာ
ပိုင်ရှင်မဲ့နှလုံးသားနဲ့ လူတစ်ယောက် ပန်းတွေကိုနေ့တိုင်းရေလောင်းနေတာပါ။
ကနေ့ဒီဇင်ဘာနောက်ဆုံးမနက်နှစ်အဆက်ဆက် နှင်းနဲ.ပျော်ခဲ့ရတဲ့မနက်လေးပေါ့
HAPPY NEWYEAR မနက်တိုင်း ကျနော်တို့ဒီခြံလေးကိုနှစ်ယောက်တွဲပြီးအလှဆင်နေကြလေ..
…နှင်းရဲ.စကားသံလေးတွေကနားထဲမှာပြောနေသလိုပင်
“မောင်တစ်ယောက်ယောက်နဲ့လက်ထပ်လိုက်ပါနော်…နှင်းကိုချစ်တဲ့မောင်တစ်ယောက်
နှင်းကိုပေးထားတဲ့ဂတိကိုတော့တည်လိမ့်မယ်လို့ နှင်းထင်ပါတယ်”
နှင်းရယ်ရက်စက်လိုက်တာ….
မောင့်နှလုံးသားမှာနှင်းကလွဲပြီးနေရာပေးရမယ့်သူမရှိပါဘူးနော်....နှလုံးသားမှာမွေး
ရာပါပိုင်ရှင်နဲ့ပါ…နှင်းရယ်ချစ်သူ ဆိုတာလည်းကြုံရာလူကို အစားထိုးလို့ရမှာတဲ့လား နှင်းနဲ.မောင်
ရေးသီလာတဲ့ ချစ်ကဗျာတွေကိုတပါးသူကိုတော့ဆိုမပြနှိုင်ပါဘူးနော်နှင်းကိုမောင်ပေး
ခဲ့တဲ့ဂတိ မတည်ရက်လို့ပျက်ကွက်တာ ဆယ်သက်ဆယ်ကမ္ဘာ ခံရပါစေ..မောင်ခံနေလိုက်
ပါမယ်…..နှင်းဆီပန်းကလေးတွေရယ်..မင်းတို့နံမည်နဲ့လိုက်သွားအောင်..နှင်းလေးဆီကို
အနမ်းကလေးတွေသယ်ခွင့်မရပေမဲ့ အလွမ်းလေးတွေသယ်သွားပေးပါနော်…
“HAPPY NEWYEAR အတွက် ၀ိုင်းလုပ်ပေးရမလားရှင်….”
“ နှင်း…နှင်း …ပြန်နိုးလာပြီနော်… နှင်းနေကောင်းလာပြီနော်…
ဝမ်းသာလိုက်တာနှင်းရယ်…..မောင်အရမ်းဝမ်းသာတယ်”
ကျနော် နှင်းကို မလွတ်တမ်းဖက်ထားမိတော့သည်။
“ စည်းကမ်းတစ်ကိုမောင် ဖေါက်နေပြီနော်….”
“ မရတော့ဘူး...စည်းကမ်းအားလုံးကိုဖျက်လိုက်ပြီ..”
“ ငါဟိုရောက်တော့ ညီမလေးသတိရနေပြီလေ….မင်းကိုအကြောင်းကြားမလို့ ဟာ
သူက နေပါစေ မပြောနဲ့ဆိုလို့လေ ”
အစ်ကိုမင်းသက်က၀င်ပြောလိုက်တော့
“ အာ ဘာလို့ရက်စက်ရတာလည်း နှင်းရာ..”
“ ကျုပ်ကိုဘယ်လောက်တောင် လွမ်းလည်းသိချင်လို.ပါနော်….ဒီမှာမောင်….
နှင်း ကိုနောက်လကျရင်အမြန်ဆုံးလက်ထပ်ရမယ်နော်…”
“ဟင်.အင်း..မနက်ဖြန်ဘဲလက်ထပ်တော့မယ်…ဖူးစာကဆုံပေးတုန်းလေး..နော် ”
အင်းတကယ်တော့ ချစ်သူက ချစ်တဲ့သူကို ချစ်တဲ့အချစ် မှာချစ်စရာကောင်းတဲ့
အချစ်မှတ်တမ်းလေးတွေဘဲရေးဖွဲ့ခဲ့ချင်တာပါ....
ဆက်လက်ကြိုးစားပါဦးမည်…..
တတိုင်းမွှေး။ ။
+++စံလွန်းတင်+++

.
No comments:
Post a Comment