t

Sunday, November 25, 2012

နှလုံးသားအပ်နှင်းပွဲ...


ငါ၏အထီးကျန်သောနန်းရင်ပြင်သို.
လှပခြင်း၊
ယဉ်ကျေးခြင်း၊
သိမ်မွေ.ခြင်း၊
ရိုးသားခြင်း၊
ဆွဲဆောင်မှုရှိခြင်း၊
ထက်မြက်ခြင်း၊
ဆိုသော  မြင်းခြောက်ကောင်ဖြင်.
ဆွဲလာသော သိက္ခာရထားလုံးသည်တိတ်ဆိပ်စွာရပ်နားခိုက်
ငါသည်  နီစွေးသော အရှက်ကော်ဇောပေါ်တွင်
ပူပန်သောခြေလှမ်းများဖြင်.
လျှောက်လှမ်းသွားပြီးမျှော်လင်.ခြင်းတံခါးကိုဖွင်.လျှက်
ထိုမိန်းခလေး၏ကမ်းလင်.သောလက်ကိုယုယစွာကိုင်ခါ
တည်ငြိမ်စွာခေါ်ဆောင်လာပြီး
ငါ၏ဘ၀ပလ္လင်ပေါ်တွင်ထိုင်စေ၏။

ထို.နောက်သစ္စာ ဒူးကိုထောက် ခါ
ဂတိဆိုသောလက်ဖြင်.
ရင်ညွန်.အရပ်တွငိလျှို.၀ှက်စွာသိမ်းဆည်းထားအပ်သော
အချစ်ဟုခေါ်တွင်အပ်သောနှလုံးသားကို
ထိုမိန်းခလေးအားရိုသေစွာအပ်နှံလိုက်ပါသည်။

ပြီးနောက်မြတ်နိုးခြင်းသရဖူကိုဦးခေါင်းတွင်ဆင်ယင်စေပြီး
တွယ်တာခြင်းစလွယ်ကို ကိုယ်တွင်ဆင်မြန်းစေခါ
အကြင်နာလည်ဆွဲကိုလည်းဝတ်ဆင်ပေးသည်.ခဏတွင်
ထက်အာကာမှကောင်းချီးပေးသောတေးသံသာများနှင်.အတူ
အင်အားများသည်ငါတို.နှစ်ဦးလုံးပေါ်သို.ကျရောက်ခါ
ဘ၀ခရီးလျှောက်လှမ်းရန်အသင်.ရှိစေပါတော.သည်။
ထိုတွင် နှလုံးသားပေးအပ်ပွဲ ပြီး၏။
                         
                                                    တတိုင်းမွှေး။  ။

No comments:

Post a Comment